NSW ဆေးရုံတင်ရမှု စံချိန်တင်များပြား၊ Vic နဲ့ Qld မှာလည်း စံချိန်တင် ကူးစက်မှုတွေဖြစ်နေ

ဒါကေတာ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ သြစတြေးလျနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ ဖြစ်ပါတယ်။

sydney testing aap

Health care workers collect information from members of the public as they queue in their cars for a COVID-19 PCR test at the St Vincent’s Drive-through Clinic. Source: Credit: AAP Image/Bianca De Marchi

  • New South Wales မှာ အိုမီခရွန်မျိုးကွဲ ကူးစက်မှုတွေ ဆက်လက်မြင့်မားနေဆဲဖြစ်ပြီး ဆေးရုံတင်ထားရမှုက စံချိန်တင် များပြားနေပါတယ်။ အခုဆိုရင် ဆေးရုံတင်ထားရတဲ့ လူနာပေါင်း ၁၃၄၄ ဦးရှိပြီ ဖြစ်ပါတယ်။
  • NSW ပြည်နယ်ရဲ့ ဆရာ၊ဆရာမများ သမဂ္ဂက မကြာခင် ကျောင်းပြန်ဖွင့်တော့မှာပေါ့ ဘယ်လို စီစဉ်ထားသလဲဆိုတာကို အမြန်ဆုံး ဆွေးနွေးညှိနှိုင်း လမ်းညွန်မှုပေးကြဖို့ ကျန်းမာရေးနဲ့ ပညာရေးအရာရှိတွေကို တောင်းဆိုနေကြပါတယ်။
  • ဒီကနေ့ကစပြီး ဒုတိယမြောက် ကာကွယ်ဆေး ထိုးပြီး ၄ လ အကြာမှာ တတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနိုင်တော့မှာ ဖြစ်လို့ သြစတြေးလျနိုင်ငံမှာ ရှိနေတဲ့ လူပေါင်း ၇.၅ သန်းက တတိယမြောက် ကာကွယ်ဆေးကို ထိုးနိုင်ကြပြီ ဖြစ်ပါတယ်။ အရင်တုန်းက ၆ လ အကြာမှ ထိုးရမယ်လို့ သတ်မှတ်ရာကနေ ၅ လ ပြောင်းလဲရာကနေ ဒီနေ့ကစပြီး ၄ လအကြာမှာ ထိုးနိုင်ပြီ ဖြစ်ပါတယ်။
  • Chemist Warehouse ရဲ့ ဒါရိုက်တာ Mario Tascone က Rapid Antigen Test kit တွေ ရောင်းချမှုအပေါ် GST အခွန်ဖယ်ရှားပေးဖို့ တောင်းဆိုလိုက်ပြီး အဲဒီလို လုပ်ဆောင်ရင် ဈေးလည်း ပိုပေါနိုင်တယ်လို့ ပြောပါတယ်။ အခုလောလောဆယ် အဲဒီ test kit တွေအတွက် ဘယ်သူက ကုန်ကျခံသင့်သလဲ ဆိုတာကို အငြင်းပွားနေကြတုန်း ခုလို တောင်းဆိုချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
  • ကွင်းစလန်းပြည်နယ် ကျန်းမာရေးမှူးချုပ် Dr John Gerrard ရဲ့အဆိုအရ တနင်္လာနေ့တုန်းက စစ်ဆေးမှု လုပ်တဲ့အထဲက ၂၃% မှာ ရောဂါရှိနေတာကို ပြသတယ်လို့ စစ်ဆေးရေးဓာတ်ခွဲခန်းတစ်ခုက ပြောပြတယ်လို့ ဆိုပါတယ်။
  • အမေရိကန်နိုင်ငံမှာ အခုလောလောဆယ် လူပေါင်း ၁၀၀၀၀၀ ကျော် ဆေးရုံတင်ထားရပြီး ဒါဟာ ၄ လတာ ကာလအတွင်း အများဆုံး နှုန်း ဖြစ်တယ်လို့ အမေရိကန်နိုင်ငံက Department of Health and Human Services (HHS) က ဆိုပါတယ်။

COVID-19 ကူးစက်မှု၊ သေဆုံးမှု အရေအတွက်

New South Wales မှာ ဒီကနေ့ ကူးစက်သူ ၂၃၁၃၁ ဦး တိုးလာပြီး ၂ ဦးသေဆုံးခဲ့ရပါတယ်။ ဗစ်တိုးရီးယားပြည်နယ်မှာ ကူးစက်သူ ၁၄၀၂၀ ဦး တိုးလာပြီး ၂ ဦး သေဆုံးရပါတယ်။


Queensland မှာလည်း ကူးစက်သူ ၅၆၉ ၉ ဦးနဲ့စံချိန်တင် များပြားနေပါတယ်။

ACT မှာ ကူးစက်သူ ၉ ၂၆ ဦး တိုးလာပြီး တက်စ်မေးနီးယားပြည်နယ်မှာ ကူးစက်သူ ၇၀၂ ဦး တိုးလာပါတယ်။

ကိုဗစ်-၁၉  ဆိုင်ရာ စည်းမျဉ်းတွေနဲ့ ဆက်စပ်ပြီး ပါတယ်။ 


ပြည်နယ်အလိုက် ကွာရန်တင်းနဲ့ အခြား စည်းမျဉ်းများ

သင်နေထိုင်ရာ ပြည်နယ် ဒါမှမဟုတ် ဒေသအပေါ် မူတည်ပြီး ဘ

ခရီးသွားလာခြင်း

နဲ့ ကိုဗစ်-၁၉ ဆိုင်ရာအချက်အလက်နဲ့ ခရီးသွားခြင်းဆိုင်ရာ အချက်အလက်တွေကို သင့်ဘာသာစကားနဲ့ လေ့လာနိုင်ပါတယ်။

ငွေရေးကြေးရေး အကူအညီ

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးတဲ့နှုန်း ၇၀% နဲ့ ၈၀% ပြည့်တာနဲ့
COVID-19 Disaster Payment မှာ အပြောင်းအလဲတွေ ရှိပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း ာ လေ့လာနိုင်ပါတယ်။



 

 

  • ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကား အမျိုးအစားပေါင်း ၆၀ ကျော်နဲ့ https://www.sbs.com.au/language/coronavirus မှာ လေ့လာနိုင်ပါတယ်။
  • သင်နေထိုင်ရာ ပြည်နယ် သို့မဟုတ် ဒေသဆိုင်ရာ လမ်းညွန်ချက်နဲ့ ဆက်စပ်ပြီး လေ့လာရန် -   .  
  • COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လေ့လာနိုင်ပါတယ်။

 

NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ပြည်နယ်နဲ့ ဒေသဆိုင်ရာ ရောဂါစစ်ဆေးရေးဌာနများအတွက် -
 
 

Share
Published 4 January 2022 4:36pm


Share this with family and friends