လူမျိုးမတူ ဘာသာမတူတဲ့လူတွေနဲ့ မိတ်ဖက်ခြင်းရဲ့ အကျိုးကျေးဇူးများ

Settlement Guide: Cross cultural friendships

Sustainable thrift secondhand shop buying and selling preloved fashion items ad accessories. Source: iStockphoto / Dedy Andrianto/Getty Images

နိုင်ငံသစ် တစ်ခုမှာ ဘဝသစ် တစ်ခုကို တည်ထောင်တဲ့အခါမှာ မိတ်ဆွေအသစ်တွေ ဖွဲ့ဖို့ ကိစ္စဟာလည်း စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။


အများအားဖြင့်တော့ ကျမတို့ တတွေဟာ ကိုယ်နဲ့ ရိုးရာယဥ်ကျေးမှု တူတဲ့ လူတွေနဲ့ ရင်းနှီးမှု ရယူပြီး တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်မှီခိုရင်း ကိုယ့်ရဲ့ မိတ်ဆွေကွန်ယက်ကို တည်ဆောက်ကြလေ့ ရှိပါတယ်။ 

ဒါပေမဲ့ ကိုယ်ရဲ့ အပေါင်းအသင် စက်ဝန်းကို ဒီထက်မက ကျယ်ပြန့်အောင် တိုးချဲ့ပြီး လူမျိုး မတူ ဘာသာမတူ ယဥ်ကျေးမှု မတူတဲ့ လူတွေနဲ့ မိတ်ဖက်မှုလုပ်တဲ့အခါကြရင် ကိုယ်လည်း ဒီနိုင်ငံနဲ့ဆိုင်တယ်၊ ဒီအုပ်စုဟာလည်း ကိုယ်နဲ့သက်ဆိုင်တယ်၊ ဒီကလူနဲ့ တသွေးတသားတည်းထပ်တူဖြစ်စေတယ်ဆိုတဲ့ စိတ်ခံစားရမှုကို ပိုပြီး မြင့်မားလာစေမှာ ဖြစ်ပါတယ်။

နားဆင်နိုင်ပါပြီ။


Share